2016ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးလေးနဲ့
ကြည့်ဖူးသူတိုင်း မျက်ရည်မကျရင်တောင် ရင်ထဲထိစေမဲ့
ဇာတ်လမ်းလေးတပုဒ်ကို quality udpateရင်း ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်….
ရှေးရိုးစွဲတွေရှိလွန်းတဲ့ အာရှယဉ်ကျေးမှုကြား လူငယ်စုံတွဲတွေ
အသည်းခဏခဏကွဲရတာကို စာအုပ်ထဲမှာဖြစ်စေ အပြင်လောကမှာဖြစ်စေ
ကိုယ်တွေ့ဖြစ်ဖြစ် ကြုံဖူးကြမှာပါ
ဒီရုပ်ရှင်လေးကလဲ ရှေးရိုးစွဲတွေနဲ့ အပေါ်ယံပုံစံကိုပဲ ကွက်မြင်တတ်တဲ့
လူမျိုးတွေကြောင့် နာကျင်ခဲ့ရတဲ့ ချစ်သူစုံတွဲလေးကို
ရိုးရိုးရှင်းရှင်းရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပါ…
ဇာတ်လမ်းသဘောကိုတော့ အားလုံးသိပြီးသားပဲမလို့
အထူးတလည် ညွှန်းဆိုပြန်ရေးမပြနေတော့ပါဘူး.
Quality ကိုလဲ Blu Ray ပြန်လည်တင်ဆက်ထားတာမို့
သိမ်းထားဖို့ပဲဖြစ်ဖြစ် မိုးအေးအေးနဲ့ခံစားချင်လို့ပဲဖြစ်ဖြစ်
ပြန်လည်ဒေါင်းလော့ဆွဲပြီး ကြည့်ရှုခံစားကြည့်ဖို့တော့
ညွှန်းလိုက်ပါရစေ
Tough ex-convict Inder and traditional mousy Saraswati fall in love and get married, but a tragedy changes their lives forever. The film is a modern rendition of the legends of Shiva-Sati and the novel Love Story by Eric Segal.