World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက်
နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန်သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ
လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်..ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်..
လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်.အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ်.
Two police officers struggle to survive when they become trapped beneath the rubble of the World Trade Center on September 11, 2001.