တရုတ်အင်ပါယာချင်လက်ထက်မှာ မသေဆေးရှာဖို့ စေလွှတ်ခံရတဲ့ Xu Fu ကို အစွဲပြုပြီး Seobok လို့ နာမည်ပေးထားတဲ့ လူသားပုံတူဟာ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ immortal တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောရိုးမကြီးထဲက ပရိုတိန်းဓာတ်တွေက လူသားတွေရဲ့ ရောဂါမှန်သမျှကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းလည်း ရှိတယ်။ဒီလို အဖိုးတန်လူသားပုံတူတစ်ယောက်ကို သူ နေထိုင်လာတဲ့ စမ်းသပ်ခန်းထဲကနေ တခြားလုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါ…စုံစမ်းထောက်လှမ်းရေးအေးဂျင့်ဟောင်း “Gi Heon”အတိတ်က မတော်တဆမှုတစ်ခုကြောင့် စိတ်ကျန်းမာရေးပြဿနာတစ်ချို့အပြင် ကုသဖို့မဖြစ်နိုင်တဲ့ ရောဂါတစ်ခုကိုပါ ခံစားနေရသူအေးဂျင့်ဟောင်း Gi Heon အဖြစ် Gong Yoo က ပါဝင်ပေးထားပါတယ်။သူတို့နှစ်ယောက်ရဲ့ လမ်းခရီးမှာ Seobok ကို ကြားဖြတ်ပိုင်ဆိုင်ဖို့ ကြိုးစားကြမယ့် တခြားသော အဖွဲ့အစည်းတွေ။သေခြင်းတရားကိုမသိဘဲ ထာဝရရှင်သန်သွားရမယ့် လူသားပုံတူတစ်ယောက်နဲ့ အချိန်မရွေး သေဆုံးသွားနိုင်တဲ့ ရောဂါဝေဒနာပိုင်ရှင်။ အနာဂတ်တွေဝေဝါးနေတဲ့ သူတို့နှစ်ယောက်က အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမှာလဲ။ Seobok ကရော ကမ္ဘာကြီးကို ကယ်တင်မယ့်သူလား? Or ကမ္ဘာကြီးကို အန္တရာယ်ကျရောက်စေမယ့်သူလား?
Ex intelligence agent Ki-heon is tasked with safely transporting Seo Bok, the first ever human clone, who holds the secret of eternal life. Several forces try to take control of Seo Bok to serve their own agendas.