During the Iraq War, a Sergeant recently assigned to an army bomb squad is put at odds with his squad mates due to his maverick way of handling his work.
ကြည့်ရှုသင့်တဲ့ War film တွေထဲမှာ ထိပ်တန်းနေရာက ပါ၀င်ပါတယ်။ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရဲ့ Avatar ရုပ်ရှင်ကို ကျော်လွန်ပြီး Nomination 9 မှာ Best Director အပါအ၀င် Oscarsတွေ ၆ ခုတိတိ သိမ်းပိုက်ခဲ့တဲ့ကားဖြစ်ပါတယ်။ Marvel ဇာတ်ကောင် စူပါစတားတွေဖြစ်တဲ့ Hawkeye & Falcon နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Jeremy Renner နဲ့ Anthony Mackie တို့ကလည်းအတွဲညီညီပါ၀င်ထားပါတယ်။
ဇာတ်လမ်းအညွှန်း-… ကမ္ဘာပေါ်မှာ စစ်တိုက်ရတာ အန္တရာယ်အရှိဆုံးအလုပ်တစ်ခုဆိုရင် စစ်မြေပြင်မှာ ဗုံးရှင်းလင်းရေးအလုပ်ကလည်းဒုတိယအန္တရာယ်အရှိဆုံးဖြစ်ပါတယ်။ US နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ အီရတ်စစ်မြေပြင်မှာ EOD ဆိုတဲ့ဗုံးရှင်းလင်းရေး အဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ဟာ မတော်တဆ လုပ်ကြံေဖာက်ခွဲမှုမှာ သေဆုံးသွားတဲ့အခါ သူ့နေရာကို တပ်ကြပ် ဝီလီယံ ဂျိန်း ဟာ အစားထိုးရောက်ရှိလာပါတယ်။ ဂျိန်းဟာ တဇွတ်ထိုးလုပ်တတ်တဲ့ ဂွစာတစ်ယောက်ဖြစ်ပေမယ့် ကျွမ်းကျင်တဲ့ ဗုံးရှင်းလင်းရေးတပ်သားလည်းဖြစ်ပါတယ်။ သူ့ရဲ့ ပုံစံအတိုင်း EOD အဖွဲ့၀င်ဟောင်းတွေနဲ့ ကတောက်ကဆတွေဖြစ်လာပါတယ် ။
သူနဲ့ အဖွဲ့ကြားက ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ ??
အီရတ်မှာကော ဗုံး disposal mission တွေကို ဘယ်လိုသက်စွန့်ဆံဖျားလုပ်သွားမလဲဆိုတာကိုတော့ မိနစ်တိုင်းကိုမျက်တောင်မခတ်ကြည့်ရှုသွားဖို့ အကြုံပြုလိုက်ရပါတယ်။