Spider-man မင်းသား Tom Holland ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်ကအိန္ဒိယသမုဒ္ဒရာထဲမှာဖြစ်ခဲ့တဲ့ငလျင်ရဲ့နောက်ဆက်တွဲ
ဆူနာမီရေလှိုင်းတွေ ထိုင်းနိုင်ငံရဲ့ကမ်းခြေအချို့ကိုရိုက်ခတ်တဲ့အချိန်မှာ
အားလပ်ရက်အပန်းဖြေခရီးထွက်လာကြရင်း ဒီအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရတဲ့နိုင်ငံခြားသားမိသားစုတစ်
စုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်စုကထိုင်းနိုင်ငံခေါက်လက်ကမ်းခြေကို
ခရစ်စမတ်ပိတ်ရက်မှာလာလည်ခဲ့ကြပါတယ်။
သူတို့မိသားစုဟာဒီ်အဖြစ်ဆိုးကြီးမဖြစ်ခင်ခရစ်စမတ်နေ့အထိ
ပျော်ပျော်ရွှင်ရွှင်ပဲ အားလပ်ရက်ကိုကမ်းခြေမှာဖြတ်သန်းနေခဲ့ကြတာပါ
ခရစ်စမတ်အပြီးနောက်တစ်ရက်မှာတော့ မထင်ထားခဲ့တဲ့အဖြစ်ဆိုးကြီးနဲ့အတူမိသားစုငါးယောက်
ကတကွဲတပြားစီဖြစ်ခဲ့ကြပါတယ်။
အဲ့ထဲကသားအကြီးဆုံးလေးလူးကပ်စ်နဲ့မိခင်ဖြစ်သူကတစ်နေရာ
သားအငယ်လေးနှစ်ယောက်နဲ့ဖခင်ဖြစ်သူကတစ်နေရာစီဖြစ်သွားခဲ့ပါတယ်။
သူတို့မိသားစုတွေဘယ်လိုအခက်အခဲတွေကြုံရမှာလဲ?
ပြန်ပြီးတွေ့ကြမလားဆိုတာကတော့ဒီကားလေးထဲမှာဆက်ကြည့်ပေးကြပါဦး
In December 2004, close-knit family Maria, Henry and their three sons begin their winter vacation in Thailand. But the day after Christmas, the idyllic holiday turns into an incomprehensible nightmare when a terrifying roar rises from the depths of the sea, followed by a wall of black water that devours everything in its path. Though Maria and her family face their darkest hour, unexpected displays of kindness and courage ameliorate their terror.