The Monkey King: The Legend Begins is the re-imagined version by Hollywood of the film The Monkey King: Havoc in Heavens Palace, the origin and birthplace of The Monkey King Story.
ောင်းကင်နဲ့ မြေကြီး နယ်ပယ်တွေ ဖန်ဆင်းပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ မသေမျိုးနတ်မင်းတွေနဲ့ နတ်ဆိုးနယ်မြေက နတ်ဆိုးမျိုးနွယ်စုတိုဟာ အေးချမ်းစွာနဲ့ပဲ အတူတူနေထိုင်လာခဲ့ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ နတ်မျိုးနွယ်တွေဟာ နတ်ဆိုး၊ မိစ္ဆာမျိုးနွယ်စုတွေကို အထင်သေးပြီး အသက်တစ်ချောင်းကိုလဲ ပဓာဏမထားပဲ သတ်ပစ်လာခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် နတ်ဆိုးမျိုးနွယ်တွေရဲ့ခေါင်းဆောင် နွားနတ်ဆိုးလိုခေါ်တဲ့ အားနျို ဟာ နတ်မျိုးနွယ်တွေကို ရုတ်တရက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် အင်အားချင်းမမျှတာကြောင့် နတ်မင်းတွေရဲ့ အပြစ်ပေးချင်းကို ခံရပြီး သူလေ့ကျင့်ထားသမျှ စွမ်းအားတွေဟာလည်း ပျက်ဆီးသွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ အားနျို တစ်ယောက် သာမန်လူလိုပဲ လူ့ပြည်မှာ သွားလာကျက်စားနေရင်း ယဲ့ရှောင်းရှောင်း ဆိုတဲ့ မိန်းမပျိုလေးနဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ပါတယ်။ တွေ့ဆုံမှုကနေတစ်ဆင့် ကံကြမ္မာဖန်လာပြန်တော့ နှစ်ဦးသား အတူတူ ခွင်းလွင်တောင်မှာရှိတဲ့ ရတနာ ဖေးယွင်းရှန်း ကိုယူဆောင်ဖိုအတွက် ခရီးဆက်ခဲ့ကြတဲ့အခါမှာတော့? သူတို ဖြတ်သန်းရာ ခရီးလမ်းကြောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံကြမှာလဲ? သူတိုနှစ်ဦး ခွင်းလွင်တောင် ရတနာ ဖြစ်တဲ့ ဖေးယွင်းရှန်း ကို ယူဆောင်ရတဲ့ အကြောင်းအရင်းကရော ဘာဖြစ်မှာလဲ? နွားနတ်ဆိုး ဖြစ်တဲ့ အားနျို ကရော စွမ်းအားတွေ ပြန်လည်ရရှိပြီး သူ့ရဲ့ နတ်ဆိုးမျိုးနွယ်အတွက် တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးမလားဆိုတာ? ဒီဇာတ်ကားလေးကို အခုပဲ ကြည့်ရှုရအောင်ပါ!