Kyung-jin, a police officer who finds herself chasing down a suspected bag-snatcher on her day off. However, the man she catches turns out to be Myungwoo, a passer-by who was himself trying to apprehend the real criminal.
ကိုယ်တွေရဲ့အသည်းစွဲ ဂျန်ဂျီဟွန်း(My Sassy Girl မင်းသမီး) အဓိကပါဝင်ထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ကိုယ်တွေငယ်ငယ်တုန်းက အမှန်အကန်ခံစားအားပေးခဲ့တာ သတိရမိတယ်။
ဇာတ်လမ်းလေးကတော့….ဂျန်ဂျီဟွန်းက သျှမ်းသျှမ်းတောက်ရဲမေ….မင်းသား Jang Hyuk ကအူကြောင်ကြောင် ကျောင်းဆရာသူတို့နှစ်ယောက် အလွဲလွဲချော်ချော်တွေ့ဆုံ သံယောဇဉ်ဖြစ်ရာက
အချစ်စစ်တို့လမ်းသည် မဖြောင့်ဖြူးကြောင်းကိုခံစားတင်ဆက်ထားပါတယ်။ IMDb Rating (7.3/10) နဲ့ Rotten Tomotoes (80%) ထိရရှိထားတဲ့ Romantic Comedy ဇာတ်ကားကောင်းလေးပါ။